သင်္ခန်းစာ အစပိုင်းက အစပ်တွေကို လေ့လာပြီးတဲ့နောက် အခုသင်္ခန်းစာအနေဖြင့် အရင်ဆုံး (၈)လုံးဖွဲ့  သံပေါက်ကဗျာ ရေးသားနည်းကို ဆက်လက်ပြသွားမှာဖြစ်ပါတယ်။ ဒီ သံပေါက်ကဗျာဟာ မြန်မာနိုင်ငံမှာဆိုရင် ဝတ်ရွတ်စဉ်အဖွဲ့ တွေက များသောအားဖြင့် ရွတ်ဖတ်လေ့ရှိတဲ့ သံစဉ်လေးတွေပါ။ ဒီကဗျာဟာ ရိုးရှင်းပြီး အလွယ်ကူဆုံးလည်း ဖြစ်ပါတယ်။ အောက်မှာ လေ့လာကြည့်ကြရအောင်ပါ---
(၈)လုံးဖွဲ့  သံပေါက်ကဗျာရေးနည်း
+ ဘုန်းရောင်နေဝန်း - ပရွှန်းရောင်ခြည်၊ ။ ။ ။ + - ။ + ။ ။ ။
တရားရောင်ဝန်း - ပြောင်ထွန်းခဲ့သည်။ ။ ။ ။ + - ။ + ။ ။ ။
သံဃာတော်များ - တရားရွှင်ကြည်၊ ။ ။ ။ + - ။ + ။ ။ ။
အမြတ်ဆုံး - ညွတ်ရုံးအဉ္ဖလီ။ ။ ။ ။ + - ။ + ။ ။ ။
အထက်ပါ ကဗျာလေးဟာ (၈)လုံးဖွဲ့ သံပေါက်ကဗျာလေးပဲဖြစ်ပါတယ်။ ဒီကဗျာလေးမှာ စည်း မျဉ်းစည်းကမ်းကတော့ အစလေးလုံးရဲ့ အဆုံးမှာ လဟုကာရန် (အသံတို)နှင့် အမြဲရှိနေရမှာဖြစ်ပြီး၊ အစ (၈)လုံးရဲ့ အဆုံးမှာတော့ အမြဲတမ်း ဂရု(ဒီဃ)(သံရှည်)ကာရန်ရှိနေရမှာဖြစ်ပါတယ်။ ဒီ့အပြင် ၄---၂ ကာရန် (အသံ)တူနေရမှာဖြစ်ပြီး၊ နောက်ဆုံးစာကြောင်း အစပိုဒ်မှာ အမြဲတမ်း (၃)လုံးရှိနေရမှာဖြစ်သည့်အပြင် အဆုံးပိုဒ်ကိုတော့ အမြဲတမ်း (၅)လုံးထားပေးရမှာဖြစ်ပါတယ်။ ကာရန်အနေဖြင့် တစ်ကြောင်းနဲ့ တစ် ကြောင်းအထက်အောက် ကာရန်မိစရာမလိုဘဲ တစ်ကြောင်းချင်းစီသာ ကာရန်မိနေရမှာဖြစ်ပါတယ်။ ကာရန်တွေကိုတော့ စာလုံးအမဲတွေပေးထားပါတယ်။ သေချာအောင်လေ့လာကြည့်ပြီး၊ အခေါက်ခေါက် အခါခါစမ်းရေးကြည့်ဖို့ တော့ လိုအပ်ပါလိမ့်မယ်။ နောက်ထပ်လာမယ့် ကဗျာတွေက နည်းနည်းခက်လာ တော့မှာဖြစ်တဲ့အတွက် ဒီအလွယ်ကူဆုံး သံပေါက်ကဗျာကို အဓိကအားဖြင့် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လေ့ ကျင့်လိုက်ပါ။ နောက်ထပ် ဝါသနာရှင်တွေ ဆန်းစစ်နိုင်အောင် သံပေါက်ကဗျာတစ်ပုဒ် ထပ်ပြီး ရေးပေး လိုက်ပါဦးမယ်၊ ဒီသံပေါက်ကဗျာတွေကို အစ(၄)လုံး၊ အလယ်(၃)၊ အဆုံး (၅) သင်္ချာ-လို့  ဆိုမယ်ဆိုရင် လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် တစ်ခြားသော ကဗျာတွေကို အဆုံးသတ်တဲ့အခါမှာ (၄)လုံးနှင့်လည်း အဆုံးသတ်နိုင်သလို၊ (၇)လုံးနှင့်လည်း အဆုံးသတ်နိုင်ပါတယ်။ များသောအားဖြင့် ကဗျာတွေကိုကြည့် လိုက်ရင် (၇)လုံးနှင့်အဆုံးသတ်ထားတာတွေကို အများဆုံး တွေ့ မြင်ကြရမှာဖြစ်ပါတယ်။ အောက်မှာ သံပေါက်ကဗျာတစ်ပုဒ်လေ့လာကြည့်လိုက်ပါဦး-----
+ အသံကိုကြား - သနားကြည်ညို၊ ။ ။ ။ + - ။ + ။ ။ ။
မျက်နှာမြင်က - ချစ်ကြစေလို။ ။ ။ ။ + - ။ + ။ ။ ။
ခန္တိကိုသုံး - ရွှင်ပြုံးထိုထို၊ ။ ။ ။ + - ။ + ။ ။ ။
မေတ္တာပန်း - ပွင့်လန်းစေမည့်ကိုယ်။ ။ ။ + - ။ + ။ ။ ။
မှတ်ချက်။ ။ မည်သည့်ကဗျာတွင်မဆို အရေးအကြီးဆုံးက အသတ်ကာရန်ထက် အသံတူကာရန်သာ ပဓာနကျသည်။ အရေးအကြီးဆုံးဖြစ်သည်-ဟုမှတ်ပါ။ နောက်လာမည့်ကဗျာတွေကျရင် ရှင်းလင်းပြသ သွားမှာ ဖြစ်ပါတယ်။